KNU/PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU/PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ်ရာရ


MNP ၊ သြဂုတ် ၁၂

KNU / PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ (ကျားဖြူစစ်ကြောင်း)မှ ရုံးအဖွဲ့မှူးအဆင့်ရှိ သိန်းဦး (ခ)ဆေးမှူး ခေါင်းဆောင်သည့်  အင်အား ၄၀ ဦးခန့်သည်  ယနေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ချိန်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာ ဘုရားကုန်းဘက်မှ ကမိုင်ကုန်းကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ကမိုင်ကုန်းလမ်းဆုံ ဒေါနအလှရေကူးကန်တွင်အခြေပြု၍ ကော့ကရိတ် – မြဝတီ အာရှလမ်း လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေလုံခြုံ ရေးတပ်ဖွဲ့ ကို  လက်နက်ငယ်/၄၀ မမ၊ တရုတ်စက်လက်တို့ဖြင့် နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ကလည်း ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရန်သူပစ်ခတ်မှုရပ်တန့်သွားခဲ့ပြီး ကမိုင်ကုန်းကျေးရွာ ဘက်သို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေး၍ အခြေပြုလျက်ရှိကြောင်း သိရသည်။

အဆိုပါ KNU / PDF ပူးပေါင်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ လာရောက်နှောက်ယှက်ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်းလမ်း ရှိ ဘိလိယက်ခုံအနီးတွင် စကားပြောနေသည့် ဦးသိန်းထူး ဆိုင်ကယ်တက္ကစီမောင်း၊ မြို့တော်ဦးရပ်၊ အမှတ်(၂) ရပ်ကွက်၊ ကော့ကရိတ်မြို့နေသူကို လက်နက်ငယ်ကျည် ထိမှန်ခဲ့ရာ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)