စစ်ကိုင်းတိုင်းဒေသကြီး စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မှု ၁၈၇ မှု ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး စစ်အုပ်ချုပ်ရေး (Martial Law)ကြေညာထားသည့် မြို့နယ်များတွင် စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မှု ၁၈၇ မှု ရှိ


MNP ၊ သြဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့နှင့် KIA ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ကြေညာခဲ့ရပြီး အကြမ်းဖက်သမားများ၊ ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်များအပေါ် စစ်ခုံရုံးမှ စစ်ဆေးစီရင်သောအမှု ၁၇၈မှုအထိ စီရင်ဆုံးဖြတ်ပြီး ဖြစ်ကြောင်း သိရသည်။

၂-၈-၂၀၂၃ ရက်နေ့က  ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး သိုမဟုတ် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် တရားခံ ကျော်ကျော်ဦး အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)အရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး သိုမဟုတ် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးကို ရောင်းချရန်အလိုငှာ လက်ဝယ်ထားရှိသည့် ပြစ်မှုကို ကျူးလွန်ခဲ့သည့် တရားခံ မတင့် အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)အရ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

၂-၈-၂၀၂၃ ရက်နေ့က ရေဦးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသည့် PDF အကြမ်းဖက်အဖွဲ့ဝင်များအား တရားဝင်သောနည်းလမ်းဖြင့်ဖြစ်စေ၊ တရားမဝင်သော နည်းလမ်းဖြင့်ဖြစ်စေ ရရှိသော ရန်ပုံငွေ၊ ပစ္စည်းများကို ဥပဒေနှင့်မညီဘဲ ထောက်ပံ့ ပေးခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို အကြမ်းဖက်အဖွဲ့ အစည်းများထံ ဆက်သွယ်သတင်းပေးခြင်း၊ PDF အကြမ်းဖက်သမားများ ဇိန်ဇွန်းကျေးရွာအနီး တောထဲတွင် စခန်းချ၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရှိပါလျက် သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့် တရားခံ ဘိုသိုး အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(ည)၊ ၅၂(က)၊ ၅၂(ခ)အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။

ရေဦးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး ပြည်သူလူထုအား အထင်အမြင်လွဲမှားစေရန်နှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက် နှာပေါ်တွင် အကြမ်းဖက်လှုံ့ဆော်သည့် စာသားများ ရေးသားဝါဒဖြန့်ခဲ့သည့် တရားခံ အောင်ကိုဝင်း(ခ)ဘောင်ကြီး အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၂-၈-၂၀၂၃ ရက်နေ့က ပေါက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို PDF အကြမ်းဖက်အဖွဲ့အစည်းများထံ ဆက်သွယ်သတင်းပေးပိုခဲ့သည့် တရားခံ ဇော်ဝမ်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး ပညာရေးဝန်ထမ်းမှ CDM ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အစိုးရဝန်ထမ်းများအား CDM ပြုလုပ်စေရန် ရည်ရွယ်၍ ဆန္ဒပြလှုံ့ဆော်ရာတွင် ပါဝင်ခဲ့သည့် တရားခံ အောင်ကိုလင်း အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး ပညာရေးဝန်ထမ်းမှ CDM ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အစိုးရဝန်ထမ်းများအား CDM ပြုလုပ်စေရန် ရည်ရွယ်၍ ဆန္ဒပြလှုံ့ဆော်ရာတွင် ပါဝင်ခဲ့သည့် တရားခံ မလှလှထွေး အား စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၈၇) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေတို့ဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)