လက်နက်ခဲယမ်း သယ်ဆောင်လာသော နီပိန်း အကြမ်းဖက်သမား ၂ဦး ငါးသိုင်းချောင်းမြို့တွင် ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်နက်ခဲယမ်း သယ်ဆောင်လာသော နီပိန်း အကြမ်းဖက်သမား ၂ဦး ငါးသိုင်းချောင်းမြို့တွင် ဖမ်းဆီးရမိ





MNP ၊ သြဂုတ် ၁၉

နယ်မြေခံ လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာလမ်းရှိ သီရိရတနာတည်းခိုခန်း၊ အခန်းအမှတ်(A-11)သို့ ယနေ့ နံနက်ပိုင်းက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအတွင်း တည်းခိုနေသူ စိုးမင်းအောင်(ခ)ကိုကျော်(၃၇)နှစ်၊ (ဘ)ဦးဝင်းထိန်၊ ကျပန်း၊ နဝရတ်လမ်း၊ (၅)ရပ်ကွက်၊ လှိုင်သာယာမြို့နေသူနှင့် ငြိမ်းဇော်ထွေး(၂၈)နှစ်၊ (ဘ)ဦးမြင့်ကြည်၊ တက္ကစီမောင်း၊ မင်းလှစည်သူလမ်း၊ (၆၉)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူ နီပိန်း အကြမ်းဖက်သမား ၂ ဦးအားဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နီပိန်း အကြမ်းဖက်သမား စိုးမင်းအောင် (ခ)ကိုကျော်၏ ထွက်ဆိုချက်အရ တည်းခိုခန်းရှေ့ရပ်ထားသည့် ၎င်းတို့စီးနင်းလာသော ယာဉ်အမှတ် YGN-40 DD/9741 TOYOTA COROLLA (အဖြူရောင်) မော်တော်ယာဉ်အတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းထားကြောင်း သိရှိရသဖြင့် ရှာဖွေခဲ့ရာ M-4 သေနတ် ၃ လက်(မတပ်ဆင်ရသေး)၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည် (အရေအတွက်စိစစ်ဆဲ)နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ နီပိန်းအကြမ်းဖက်သမား ၂ဦး အား ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် အမှုဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)