မာန်အောင်မြို့တွင် အသက်၁၂နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် အသက်၁၂နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေး







MNP ၊  ဩဂုတ်  ၂၁

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် အသက်၁၂နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးခြင်းကိုယနေ့နံနက်(၁၀)နာရီမှညနေ(၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)တွင် ကျန်းမာရေးဌာန တာဝန်ကျ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။


      အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရာတွင် ကာကွယ်ဆေး ထိုးနှံလက်မှတ်များယူဆောင်လာစေပြီးကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိသည်။


မာန်အောင်မြို့တွင်အ-ထ-ကမာန်အောင်နှင့်``စံ´´ကိုယ်ပိုင်အထက်တန်းကျောင်းမှအသက်၁၂နှစ်အထက်ကျောင်းသား/သူများနှင့်(Booster Dose)ထိုးနှံရန် ကျန်ရှိကျောင်းသား/သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)