ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း National Annual TB Evaluation Meeting (2022) အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း National Annual TB Evaluation Meeting (2022) အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား


MNP ၊ သြဂုတ် ၂၉

အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲ(၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဦးစီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ကာကွယ်ဝန်ကြီးဌာန၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)နှင့် အကျဉ်းဦးစီးဌာနတို့မှ ဖိတ်ကြားထားသူများ၊ တီဘီရောဂါတိုက်ဖျက်ရေး ဌာနတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တီဘီရောဂါသည် မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်ကြောင်း၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် တီဘီဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရန် နိုင်ငံတော်အစိုးရမှ (၂၀၂၂-၂၀၂၃) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅) သန်းနှင့် (၂၀၂၃-၂၀၂၄) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄ ဒသမ ၅) သန်း ခွဲဝေချထားကြောင်း။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ပြည်တွင်း၊ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နဲ့အညီ ဆောင်ရွက်လျက်ရှိပြီး ပန်းတိုင်ပြည့်မီအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၂၂)ခုနှစ် နှစ်ချုပ်အစီရင်ခံစာများအရ တီဘီဆေးကုသမှုအောင်မြင်နှုန်း (၈၇ ရာခိုင်နှုန်း)၊ တီဘီ/အိပ်ချ်အိုင်ဗွီ ဒွန်တွဲလူနာများ၏ တီဘီဆေးကုသမှုအောင်မြင်နှုန်း (၇၅ ရာခိုင်နှုန်း)ရရှိခဲ့ကြောင်း၊ ဆေးယဉ်ပါးတီဘီ ဆေးကုသမှုအောင်မြင်နှုန်း (၇၆ ရာခိုင်နှုန်း)နှင့် တီဘီရောဂါသည် ဆေးပုံမှန် သောက်ပါက ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သည့်အတွက် တီဘီရောဂါဖြစ်ပွားသူများ တစ်ယောက်မှမကျန်ရှိစေရေး ရောဂါစမ်းသပ်စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်၍ များများရှာ၊ မြန်မြန်ကုပြီး ရောဂါကူးစက်ပြန့်ပွားမှု ကွင်းစက်ကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ ပိုးမွှားဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင့်ဝင့်ညွှန့်က တီဘီရောဂါရှာဖွေခြင်းဆိုင်ရာဓါတ်ခွဲလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)