NLD အစွန်းရောက်များအကြောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက်များအကြောင်း



(ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၂) ကောက်နှုတ်ချက်)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး(၁/၂၀၂၂) မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က NLD အစွန်းရောက်များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် -


လူငယ်များအား NLD ပါတီအစွန်းရောက်များနှင့် ၎င်းပါတီကို ထောက်ခံအားပေး အစွန်းရောက်သူများက အသုံးချပြီး EAO နယ်မြေများဖြစ်သည့် KNU ၊ KIA ၊ KNPP စသည့်နယ်မြေတို့တွင် စစ်သင်တန်းများ တက်ရောက်စေခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များတွင် လုပ်ဆောင်တတ်စေရန် သင်တန်းပေးခြင်းနှင့် လက်နက်/ ခဲယမ်းများ ထောက်ပံ့ခြင်းတို့အပြင် အကြမ်းဖက် လုပ်ရပ်များတွင်ပါ ပူပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါလုပ်ရပ်များကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ ၇ ရက် နေ့တွင် အကြမ်းဖက် လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန်ကြေညာခဲ့ရာ ချင်းပြည်နယ်၊ ထန်တလန်နှင့် မင်းတပ်မြို့၊ မကွေးတိုင်းဒေသကြီး၊ ကင်းမကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့နယ်၊ ရွာသာယာကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး နေရာအချို့၊ ကယားပြည်နယ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ မိုးဗြဲ စသည့်ဖြစ်စဉ် တို့တွင် စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်သည်အထိ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်၍ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက် ခဲ့ရပါကြောင်း၊ အကြမ်းဖက်သမားတို့၏ လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံး အနေနှင့် ပျက်စီးဆုံးရှုံးမှု စက်ရုံ/အလုပ်ရုံ ၂၅ ခု၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ၃၄၁ ခု၊ ဌာနဆိုင်ရာရုံးများ ၇၀၂ ခု၊ နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ်များဖျက်ဆီးခံရမှု ၇၄ ခု၊ လမ်း/တံတားများဖျက်ဆီးခံရမှု ၅၂၄ ခု၊ ဈေးများဖျက်ဆီးခံရမှု ၁၇ ခု၊ ဆေးရုံ/ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦများ ပျက်စီးမှု ၅၀၄ ခု၊ တယ်လီဖုန်း တာဝါတိုင်များပျက်စီးမှု ၄၆၅ ခု၊ လူနေအိမ်များပျက်စီးမှု ၄၁၇ လုံးတို့ ဖျက်ဆီးခံခဲ့ရ မှုရှိခဲ့ပါကြောင်း၊ သေဆုံး/ဒဏ်ရာရမှုများအနေဖြင့် ရဟန်း/ သံဃာ ၂၀ ပါး၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသေဆုံးမှု ၃၆၇ ဦးနှင့် ဒဏ်ရာရရှိမှု ၃၃၆ ဦးထိရှိခဲ့ပါကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉,၄၃၇ ကြိမ်ဖြစ်ပေါ် ခဲ့၍ လက်နက်မျိုးစုံ ၅,၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁,၈၉၀ လုံးနှင့် လက်လုပ်မိုင်း/ဗုံး ၁၁,၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ပြီး အကြမ်းဖက်သူ ၄,၃၃၈ ဦးအား ဖမ်းဆီးရမိခဲ့ပါကြောင်း။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)