သာစည်မြို့နယ်အတွင်း PDF အကြမ်းဖက်စခန်းကို ရှင်းလင်းပေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူများက အထူးကျေးဇူးတင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်အတွင်း PDF အကြမ်းဖက်စခန်းကို ရှင်းလင်းပေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူများက အထူးကျေးဇူးတင်





MNP ၊ သြဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မြက်ခါးအင်းရွာ အနောက်တောင်ဘက်ရှိ PDF အကြမ်းဖက်စခန်းအား တာဝန်သိ ပြည်သူများက သတင်းပေးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းဆောင်ရွက်ပေးသဖြင့် ဒေသခံပြည်သူများက အထူးပင် ကျေးဇူးတင်လျက်ရှိသည်။

သာစည်မြို့နယ်၊ မြက်ခါးအင်းရွာ အနောက်တောင်ဘက် တောင်မတောင်တွင် PDF အကြမ်းဖက်များ ခိုအောင်းနေကြောင်း ပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းရာ PDF အလောင်း ၁ လောင်းနဲ့အတူ လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများမှာ ပြည်သူများအပေါ် လက်နက်ဖြင့် ခြိမ်းခြောက် လုယက်၊ ဓားမြတိုက်မှုများ ကျူးလွန်နေခြင်းကြောင့် ယခုကဲ့သို့ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအပေါ် အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ပေးခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထူးပင် ကျေးဇူးတင်လျက်ရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)