ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများထောင်ထားသော လက်လုပ်မိုင်းများ ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်တွင် PDF အကြမ်းဖက်သမားများထောင်ထားသော လက်လုပ်မိုင်းများ ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ


MNP ၊ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ ယမန်နေ့က ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲမှု ၂ကြိမ် ဖြစ်ပွားခဲ့ပြီး နွားကျောင်းနေသော အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အပြစ်မဲ့ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပထမပေါက်ကွဲမှုဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာထိပ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာတွင် နေထိုင်၍ ဈေးရောင်းအလုပ်ကို လုပ်ကိုင်သည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးနှင့် ၎င်း၏ ဇနီး အသက် ၅၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဒုတိယ ပေါက်ကွဲမှုဖြစ်စဉ်သည် ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်၊ သီရိမင်္ဂလာရပ်တွင်ရှိသည့် လယ်ကွင်းအတွင်းတွင် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် နွားကျောင်းနေသည့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)