ရွှေဘိုမြို့နယ် ဇီးတောကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေသည့် PDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ် ဇီးတောကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို အကြမ်းဖက်စခန်းအဖြစ် အသုံးပြုနေသည့် PDF အကြမ်းဖက်အဖွဲ့ကို ရှင်းလင်း





MNP ၊ သြဂုတ် ၂၉

ရွှေဘိုမြို့နယ်အတွင်း နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များသည် ဇီးတောကျေးရွာအား ဝင်ရောက်ရှင်းလင်းရာ ကျေးလက်ကျန်းမာရေးအဆောက်အဦအား အကြမ်းဖက်စခန်းအဖြစ် အသုံးပြုခဲ့သည်ကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ကျန်းမာရေးအဆောက်အဦအတွင်းမှ PDF အကြမ်းဖက်သမားများ၏  လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ လက်လုပ်မိုင်း ၉ လုံး၊ ဆိုင်ကယ်ဘက္တရီ ၁၀ လုံး၊ နီ/နက်နှစ်ပင်လိမ် ဝါယာကြိုး ပေ ၂၀၀ ခန့် ၁ ခွေ၊ ပြောက်ကျားယူနီဖောင်း ၂၀ စုံ၊ လူနာထမ်းစင် ၁ ခု၊ အသက်ကယ်အင်္ကျီ ၁ ထည်၊ လက်အိတ် ၁၂ စုံ၊ ဆေးပစ္စည်းမျိုးစုံ ဆာလာအိတ် ၂ အိတ်၊ ဆန်အိတ် ၆ အိတ်၊ ဆိုင်ကယ် ၃ စီး၊ လိုင်စင်မဲ့ကား ၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)