MNP ၊ သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၄ဦးအား သတ်ဖြတ်သွားသော PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့က လိုက်လံနှိမ်နင်းရာ အကြမ်းဖက်သမား ၂ဦးကို အသေဖမ်းဆီးရမိပြီး လက်နက် ၄လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများသည် ဩဂုတ် ၁၁ ရက် နံနက် ၃ နာရီခန့်တွင် လက်နက်ငယ် များ ကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဦးအုန်းဖေ နှင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိုး အပါအဝင် အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၂ ဦးတို့အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့ကြသည်။
PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးနေသည့် အပြစ်မဲ့ပြည်သူများ၏ အလောင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းပိုင် Alphard အမျိုးအစား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့စဉ် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီး - မြင်းခြံ သွား ကားလမ်း၊ မိုးကန်ကျေးရွာအနီးသို့ အရောက်၍ လမ်းညာဘက် ၁၀ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်အဝေးထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ PDF အကြမ်းဖက်သမားများ နောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံနှိမ်နင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment