ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ နယ်မြေမီးသတ်စခန်းတွင် RC နှစ်ထပ်မီးသတ်စခန်းရုံး အဆောက်အအုံသစ် တိုးချဲ့တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ နယ်မြေမီးသတ်စခန်းတွင် RC နှစ်ထပ်မီးသတ်စခန်းရုံး အဆောက်အအုံသစ် တိုးချဲ့တည်ဆောက်


MNP ၊  ဩဂုတ်  ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရေးအချိန်နှင့် တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဖြေရှင်း ဆောင်ရွက်သွားနိုင်ရန်အတွက် လယ်ကိုင်းနယ်မြေ မီးသတ်စခန်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အာရ်စီနှစ်ထပ် မီးသတ်စခန်းရုံး အဆောက်အအုံသစ်တစ်လုံး တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။


အဆိုပါ လယ်ကိုင်းနယ်မြေမီးသတ်စခန်းရုံးတွင် မီးသတ်ရုံးအဆောက်အအုံသစ် တိုးချဲ့ဆောက်လုပ်နိုင်ရန်အတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၉၀ သန်း ခွင့်ပြုချထားပေးခဲ့ပြီး အလျား ၄၅ ပေ၊ အနံ ၅၀ ပေ၊ အမြင့် ၂၆ ပေရှိ အာရ်စီနှစ်ထပ် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းအား BILLION LANDS ဆောက်လုပ်ရေး ကုမ္ပဏီမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့ကစပြီး လုပ်ငန်းစတင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းမီးသတ်စခန်းရုံးအဆောက်အအုံသစ် တည်ဆောက်ခြင်းလုပ်ငန်းအား လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီ တည်ဆောက်ပြီးစီးရေးအတွက် မြို့နယ် တည်ဆောက်လုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့မှ ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 


ယခု အကောင်အထည်ဖော် တည်ဆောက်နေသည့် လယ်ကိုင်းနယ်မြေမီးသတ်စခန်းရုံး အဆောက်အအုံသစ် တည်ဆောက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးနှင့် ဒေသတွင်း ကြုံတွေ့လာသည့် မီးဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရေးအချိန်နှင့် တစ်ပြေးညီ ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တုံ့ပြန်ကူညီဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်၍များစွာ အကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)