သာပေါင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ


MNP ၊  ဩဂုတ်  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူများအား Second Booster (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့တို့က ကြည့်ရှုအား‌ပေး ကူညီဖေးမစောင့်ရှောက်ကြ၍ ကျန်းမာရေးဌာနမှ အသက် ၅ နှစ်ပြည့်ပြီး KG ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး Second dose (Sinopharm) ကာကွယ်ဆေး ထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက် များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးဇော်သိန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)