ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်၊ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်၊ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm ထိုးနှံပေးလျက်ရှိ





MNP ၊  ဩဂုတ်  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ(၁၂)၊ (၁၂)နှစ်နှင့်အထက် ကျောင်းသား /သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm  ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီအချိန်မှစတင်၍ အ.မ.က စံပြကျောင်းတွင် ထိုးနှံပေးခဲ့သည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်တာပေးခြင်းနှင့် ပညာသင်ကြားနေသောအတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍  ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ပြီး မိနစ် (၃၀) ခန့်    အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိရာ ၈-၁၀-၂၀၂၃ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၁)ဦး ထိုးနှံပြီးစီးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost














No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)