MNP ၊ ဩဂုတ် ၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြောင်းမြမြို့နယ်နှင့် လပွတ္တာမြို့နယ်များရှိ ကျေးရွာများတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း၊ ကျေးရွာမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ငွေများဖြင့် ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများအား ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေး အခမ်းအနားအားတက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းခဲ့သည်။ ဆက်လက်၍ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေးဖွင့်ပွဲ တက်ရောက်၍ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး (Mini-Grid) မီးလင်းရေးဆောက်ရွက် ထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲနိုင်မှု အခြေအနေများနှင့် ကွမ်းခြံကြီးကျေးရွာအတွင်း လျှပ်စစ်ဓာတ်အားများ စတင်အသုံးပြုနေသည့် ပိုင်ရှင်ဦးကျော်စွာလှိုင်၏ ရေခဲစက်လုပ်ငန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ မြောင်းမြမြို့နယ်၊ ကွမ်းခြံကြီးကျေးရွာ၌ ကျေးလက်ဒေသသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့်ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းသုံး (၂၈၅) အိမ်ခြေသည် (180 kw) ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှပ်စစ်ဓာတ်အားများစတင် အသုံးပြုလျက် ရှိကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ် (Solar Mini-Grid) မီးလင်းရေးအခမ်းအနားအား တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းခဲ့သည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးသည့် လမ်းအရှည် ၆၅၀ ပေ၊ အကျယ် ၅ ပေ နှင့် ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအား ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေပြည်သာကျေးရွာ၊ ဆိုလာအသေးစားလျှပ်စစ် ဓါတ်အားလိုင်းစနစ်(Solar Mini-Grid) မီးလင်းရေးအခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဆက်လက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ဆက်လက်ပက်ဖျန်းပေးပြီး (Mini-Grid) မီးလင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ လပွတ္တာမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် ကျေးလက်ဒေသသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကုမ္ပဏီနှင့်ကျေးရွာနေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၎င်းကျေးရွာရှိ အိမ်သုံးနှင့်အသေးစား စက်မှုလက်မှုလုပ်ငန်းသုံး (၈၀) အိမ်ခြေသည် (100 kw) ဆိုလာအသေးစား ဓာတ်အားလိုင်းစနစ်ဖြင့် လျှစ်စစ်ဓာတ်အားများစတင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ရွှေပြည်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များ တင်ပြမှုအပေါ် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာရှိ ရတနာထွန်းဆန်စက်သို့ သွားရောက်၍ စပါးခွံလောင်စာသုံး (Gasifier) ဖြင့် စက်ရုံလည်ပတ်မှု အခြေအနေများ၊ (Gasifier) စနစ်မှထွက်ရှိသည့် ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က (Gasifier) စနစ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှု မရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ် စနစ်တကျလိုက်နာ ဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး စနစ်တကျဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး ဆန်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
https://t.me/MyanmarNationalPost
No comments:
Post a Comment