MNP ၊ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ရေကြီးရေလျှံမှုဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွှဲ ၁၂ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံး Comm unity Center ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင် နှင့် ဦးစီးအရာရှိ ဦးအေးမြသန်းတို့က ရေကြီးရေလျှံမှုဘေးအန္တရာယ်သည် ရာသီဉတုဖောက်ပြန် ပြောင်းလဲခြင်း ၊ သဘာဝပတ်ဝန်းကျင်များ ပျက်စီးယိုယွင်းခြင်း နှင့် မြေမျက်နှာသွင်ပြင်အနေအထားတို့အရ မိမိတို့ နိုင်ငံ သည် သဘာဝဘေးအန္တရာယ်ခံရနိုင်ခြေ မြင့်မားသည့် နိုင်ငံများတွင် ပါဝင်နေပါကြောင်း ၊ မုန်တိုင်းကြောင့် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် နှစ်စဉ်ဆိုသလို ရေကြီး ရေလျှံမှုများ ၊ မြေပြိုတောင်ပြိုမှုများကို ကြုံတွေ့နေရပါကြောင်း ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါတွင် ဖြစ်ပေါ်နိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့နိုင်သမျှ လျော့ပါး စေရေးအတွက် ကြိုတင်ပြင်ဆင်ကာကွယ်ရေး ၊ ရှာဖွေကယ်ဆယ်ရေး ၊ ပြန်လည်ထူထောင်ရေး နှင့် ပြန်လည် တည် ဆောက်ရေးတို့ကို ထိထိရောက်ရောက် လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ နှင့် တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင် ၊မြို့နယ် ၊ ရပ်ကွက်၊ကျေးရွာအဆင့်ထိ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်သည်။ရေကြီးရေလျှံမှုများကြောင့် မိမိတို့ နိုင်ငံတွင် လူသေဆုံးမှု ၊ လယ်မြေ များရေနှစ်မြုပ်မှု ၊လမ်းတံတားများ ပျက်စီးဆုံးရှုံးမှု စသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အဘက်ဘက်မှ ကဏ္ဍစုံ ဆောင်ရွက်နေမှု များအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိ စေရေးအတွက် အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment