ပေါင်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊  ဩဂုတ်  ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်မာလာအောင် က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ‌ပေါင်မြို့နယ်ဒုတိယဥပဒေအရာရှိ ‌ဒေါ်သီသီဟန် က အသက် (၁၈) နှစ်မပြည့်သေးသည့်ကလေးသူငယ်များအား ကလေးဟုသတ်မှတ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ( ၂၀၀၆ ) ခုနှစ်၊ဆိုင်များနှင့် ဥပဒေများအရ အသက် (၁၄)နှစ်မပြည့်သေးသည့် ကလေးငယ်များကို ဆိုင်များတွင်ဖြစ်စေ၊အလုပ်ဌာနတစ်ခုခုတွင်ဖြစ်စေ လုပ်ခွင့်မပြုရ၊အသက် (၁၄)နှစ်ပြည့်ပြီး အသက် (၁၆)နှစ်မပြည့်သေးသည့်ကလေးများ အတွက်ဆိုလျှင်ဆရာဝန်၏ခွင့်ပြုချက်ရရှိမှသာ ခိုင်းစေရမည်ဖြစ်ကြောင်း၊အလုပ်ချိန်ကိုလည်း ( ၄ ) နာရီထက်ကျော်လွန်၍ ခိုင်းစေခြင်းမပြုရ ပါကြောင်း စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)