သာစည်မြို့နယ် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး



MNP ၊  ဩဂုတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနထံမှ သိရသည်။


သာစည်မြိုနယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လမ်းတံတားများအား နှစ်စဉ်ပြုပြင် တည်ဆောက်ပေးလျက်ရှိရာ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း (၁၀၀.၀၀) ဖြင့် သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ Triple Box Culvert (10.98mx6.1m) နှင့် Causeway   (54.87mx13.72m)တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (ပထမပိုင်း ) စတင်ဆောင်ရွက်ခဲ့ပြီး ၊၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း( ၆၅.၅၀၀)  ဖြင့် (ဒုတိယပိုင်း ) ဆက်လက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။


အဆိုပါ သာစည် - ညောင်ရမ်းမှ ပေါက်တောလမ်းပေါ်ရှိ  Triple Box Culvert နှင့် Causeway တည်ဆောက်ခြင်းလုပ်ငန်းကို  ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေ လျာထား၍  လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးခြင်းကြောင့် ပေါက်တော (အရှေ့) ၊ ပေါက်တော (အနောက်)၊ အင်းရွာ ၊ ဆင်ဝင် ၊ သမန်းကန်၊ ကြာကန်ကျေးရွာများရှိ အိမ်ခြေ ၈၅၀ အိမ်၊ လူဦးရေ ၃၆၅၈ ဦး တို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးတို့အတွက် များစွာ အထောက်အကူရရှိပြီး ရာသီမရွေး အဆင် ပြေချော့မွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း  သိရသည်။ 


https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)