ပြည်မြို့ ရတနာပါဒကျောင်းတိုက်၌ W.COM Co.LTD က တာဝန်ယူသင်ကြားပေးခဲ့သော ကွန်ပျူတာ၊ အင်္ဂလိပ်စကား၊ စာရင်းကိုင်နှင့်စီးပွားရေးဆိုင်ရာ အတတ်ပညာဒါနသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ ရတနာပါဒကျောင်းတိုက်၌ W.COM Co.LTD က တာဝန်ယူသင်ကြားပေးခဲ့သော ကွန်ပျူတာ၊ အင်္ဂလိပ်စကား၊ စာရင်းကိုင်နှင့်စီးပွားရေးဆိုင်ရာ အတတ်ပညာဒါနသင်တန်းဆင်းပွဲကျင်းပ



MNP ၊  ဩဂုတ်  ၂၈

ပြည်မြို့ရတနာပါဒကျောင်းတိုက်၌ W.COM Co.LTD က တာဝန်ယူသင်ကြားပေးခဲ့သော ကွန်ပျူတာ၊ အင်္ဂလိပ်စကား၊ စာရင်းကိုင်နှင့်စီးပွားရေးဆိုင်ရာ အတတ်ပညာဒါနသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနာပါဒကျောင်းတိုက်ဦးစီးပဓါန နာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလက သင်တန်းနှင့်ပတ်သက်၍ သြဝါဒကထာမြွက်ကြားသည်။


ယင်းနောက်သတင်းစာဆရာများအသင်းဗဟိုကော်မတီဝင် ဆရာအောင်(ဓာတု)က အဖွင့်အမှာစကားပြောကြားပြီး W.COM ပညာဒါနသင်တန်းကျောင်မှ ကွန်ပျူတာ တာဝန်ခံနည်းပြဆရာဦးပြည့်ဖြိုးပိုင်က နှုတ်ဆက်စကားပြောကြားသည်။ ဆက်လက်ပြီး W.COM Co.Ltd ၏ ဥက္ကဋ္ဌဆရာဦးဝဏ္ဏထွန်းက အနာဂတ်ပညာရေးအကြောင်းပြောကြားသည်။


ထို့နောက်ရတနာပါဒကျောင်း၏ဦးပဓာန နယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလ(မဟာဂန္တဝါစကပဏ္ဍိတ)၏ သက်တော်(၇၀)ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် အဆိုပါကျောင်းတိုက်အတွင်းရှိ ရွှေရန်ရှင်းဗုဒ္ဓရုပ်ပွားတော်တန်စောင်း‌တော်ကြီးနတ်လမ်းခင်းရန်နှင့် တန်စောင်းအတွင်း မီးကြိုး၊ မီသီးများစနစ်တကျတပ်ဆင်ရန်အတွက် သင်တန်းဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများက အလှူငွေကျပ်(၁၀)သိန်း ဆက်ကပ်လှူဒါန်းကြသည်။


အဆိုပါသင်တန်းကို နှစ်လကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက‌ အောင်လက်မှတ်များပေးအပ်ချီးမြှင့်ပေးပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြကြောင်း သိရသည်။


ကိုစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)