အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေး (ASEAN Business and Investment Summit) သို့ မြန်မာနိုင်ငံမှ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း နှင့်အဖွဲ့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေး (ASEAN Business and Investment Summit) သို့ မြန်မာနိုင်ငံမှ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း နှင့်အဖွဲ့ တက်ရောက်







MNP ၊ စက်တင်ဘာ ၅

ASEAN Business Advisory Council (ASEAN-BAC) မှ ကြီးမှူးသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေး (ASEAN Business & Investment Summit 2023) ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၊ Sultan Hotel၌ ကျင်းပခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar) ၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်(Member of ASEAN-BAC Myanmar)၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ အကျိုးဆောင်စာရင်းစစ် ဦးဝေဖြိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော် (Member of ASEAN-BAC Myanmar)၊  Senior Executive Adviser ဦးဇော်မင်းဝင်း တို့ တက်ရောက်ခဲ့ကြသည်။

ASEAN Business & Investment Summit 2023 သို့ ကမ္ဘာ့နိုင်ငံများမှ ကိုယ်စားလှယ် (၂,၀၀၀)ကျော် တက်ရောက်ကြပြီး နိုင်ငံများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ကိုယ်စားပြုသော အကြီးအကဲများ၊ ဦးဆောင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊  အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။

Summit တွင် အာဆီယံ၏ စားနပ်ရိက္ခာဖူလုံမှု အကာအကွယ်ပေးခြင်း ကဏ္ဍစကားဝိုင်းဆွေးနွေးပွဲ၌ ကုန်သည်စက်မှု အသင်းချုပ် အကျိုးဆောင်စာရင်းစစ် ဦးဝေဖြိုးက Speaker အဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပြီး အနာဂတ်စားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်မှုများကို ရေရှည် တည်တံ့သော အစားအစာထုတ်လုပ်မှု  ဦးစားပေးခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်ရှိခြင်း၊ တိုးတက်လာသော  သတင်းအချက်အလက်စနစ်များနှင့်  စိုက်ပျိုးရေးကဏ္ဍတွင် ပိုမိုရင်းနှီးမြှုပ်နှံခြင်းသည်  တောင်သူလယ်သမားများနှင့် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းများအတွက် ကုန်ထုတ်စွမ်းအားဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အားကောင်းစေခြင်းစသည်ဖြင့်  Safeguarding ASEAN's Food Security in a Time of Growing Uncertainty  ခေါင်းစဉ်ဖြင့် Speakers များမှ ဆွေးနွေးခဲ့ကြသည်။

Summit တွင်ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ  Mr. M. Arsjad Rasjid P. M. က ABIS ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။

ASEAN Business Advisory Council (ASEAN-BAC) သည် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများတွင် ပုဂ္ဂလိကကဏ္ဍကို ချဲ့ထွင်ရန်နှင့် ကမ္ဘာ့စီးပွားရေး အပြန်အလှန် ချိတ်ဆက်မှုတွင် အားလုံးပါဝင်သော အာဆီယံဗဟိုပြုမှုကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆွေးနွေးပွဲကဏ္ဍများတွင် ဆန်းသစ်တီထွင်ခြင်းကဏ္ဍ၊ အားလုံးပါဝင်နိုင်သော တိုးတက်မှုအတွက် မဟာဗျူဟာမြောက် လမ်းကြောင်းများ၊ကမ္ဘာ့စီးပွားရေးတွင် အာဆီယံ၏ ခံနိုင်ရည်ရှိမှုနှင့် တည်ငြိမ်မှု၊အာဆီယံ၏ Net- Zero အနာဂတ်ဆီသို့ လမ်းကြောင်းကို ပုံဖော်ခြင်း၊ အာဆီယံအသိုက်အဝန်းတွင် ကောင်းမွန်သောကျန်းမာရေးစနစ်ကို ပြုစုပျိုးထောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအစီအစဉ်တွင် အာဆီယံ၏အနာဂတ်စသည့်ကဏ္ဍများကို ထင်ရှားသော Speakers များက ဆွေးနွေးခဲ့ကြသည်။

အာဆီယံသည် အခိုင်မာဆုံးနှင့် အအောင်မြင်ဆုံးသော ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး အာဆီယံဗဟိုပြုချဉ်းကပ်မှုကို ပုံဖော်လျက်ရှိကြောင်း၊ ဒေသတွင်း ပေါင်းစည်းမှုကို မြှင့်တင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ နည်းပညာတိုးတက်မှုတို့နှင့်အတူ အာဆီယံသည် တည်ငြိမ်သော ရင်းနှီးမြှုပ်နှံမှုများနှင့် ကြီးမားသော စီးပွားရေး အခွင့်အလမ်းများကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)