မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်တွင် ဝါပန်းတိုင်အထွက်ရရှိရေး ရွှေတောင်(၁၀) B-31 စပ်မျိုးဝါ(၁၀)ဧက စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်တွင် ဝါပန်းတိုင်အထွက်ရရှိရေး ရွှေတောင်(၁၀) B-31 စပ်မျိုးဝါ(၁၀)ဧက စိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေး






MNP ၊ စက်တင်ဘာ  ၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့်အတူ တိုးဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာအုပ်စု ကွင်းအမှတ်(၉၁၀) တောင်သူ ဒေါ်ဌေးဌေးဝင်း၏ တစ်နှစ်(၃) သီးစိုက် သီးနှံပုံစံ စံပြကွက်သို့ ရောက်ရှိပြီး မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ကြဲပက်ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်သူ ဒေါ်ဌေးဌေးဝင်း၏ တစ်နှစ်(၃) သီးစိုက် သီးနှံပုံစံ စံပြကွက်သို့ ရောက်ရှိစဉ် စိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ဓာတ်မြ သြဇာနှင့် သဘာဝမြေသြဇာ ကြဲပက်ဆောင်ရွက်နေမှုတို့ကို အားပေးကြည့်ရှုပြီး၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်မိုးမိုးဝေမှ ပထမသီးနှံ မိုးစပါး၊ ဒုတိယသီးနှံ ကုလားပဲ(နေကြာညှပ်)နှင့် တတိယသီးနှံအဖြစ် နွေနှမ်း စံပြကွက်စိုက်ပျိုး ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တစ်နှစ်သုံးသီးစိုက် သီးနှံပုံစံတွင် သက်ကြီးစပါးမျိုးအစား သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲ စိုက်ပျိုးဆောင်ရွက်ရေး၊ ကုလားပဲသီးနှံ အချိန်ကိုက် စိုက်ပျိုးနိုင်ရေးနှင့် နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် စိမ့်မြောင်း၊ ပတ်မြောင်းများဖြင့် စိုက်ပျိုးသွားရန်နှင့် မိုးရွာသွန်မှုများပါက သီးနှံပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်ဝါစိုက်ပျိုးရေးတပ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးဆောင်ရွက်ထားရှိသော ချည်မျှင်ရှည် ဝါစံပြကွက်(၁၀)ဧက စိုက်ကွင်းတွင် စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက မျိုးကွဲ အနေဖြင့် ရွှေတောင်(၁၀) ၅ ဧက၊ B-31 စပ်မျိုးဝါ ၅ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိပြီး လက်ရှိအချိန်တွင် အသက်ရက် (၅၁)ရက်သားရှိပြီး၊ အပင်အရပ် ၂၂ လက်မ၊ ဝါသီးလုံးဖြစ်နိုင်သည့် အပိန့် အပွင့် (၆)လုံး ရှိပြီး တစ်ဧက ဝါပန်းတိုင် ပိဿာ(၇၀၀)ရရှိရေး ရည်မှန်းဆောင်ရွက်ထားကြောင်း၊ သွင်းအားစုထည့်သွင်းခြင်း၊ သဘာဝမြေသြဇာ ထည့်သွင်းခြင်းနှင့် ဖြည့်စွက်ရေပေးသွင်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါပင်သက်တမ်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်သွားကြရန်နှင့် ဝါပန်းတိုင်အထွက်နှုန်း တစ်ဧက ပိဿာ(၇၀၀)ရရှိရေး ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကိုင်းတော ကြီးကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ်(၁၂၈၇)၊ လက်တိုတောင်ကွင်းအတွင်း ယာမြေ (၁၇၂.၂၇) ဧကပေါ်၌ ဦးတိုးကြွယ်မှ ဧကကွက်များဖော်ထုတ်၍ ယာမှ လယ်ပြောင်းကာ မိုးစပါးသီးနှံနှင့် ရာသီသီးနှံများ စိုက်ပျိုးလုပ်ကိုင်နေမှုအား ကြည့်ရှုအားပေးကာ၊ စနစ်ကျ လယ်ယာဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး သက်ဆိုင်ရာဌာနများအနေဖြင့်လည်း စနစ်ကျလယ်ယာဖြစ်ပေါ်လာစေရေးအတွက် ကုန်ထုတ်လမ်းများအပါအဝင် လယ်ကြားမြောင်း၊ စိမ့်မြောင်း ပတ်မြောင်များပါ ထည့်သွင်းတည်ဆောက်နိုင်ရေး နည်းပညာများနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။


မောင်ညီညာ

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)