MNP ၊ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း (BDMC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က သင်တန်းတက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သဘာဝဘေးနှင့် ကြုံတွေ့လာချိန်တွင် ထိခိုက်ဆုံးရှုံးမှု နည်းပါးအောင် စီမံခန့်ခွဲမှုနှင့် ကြိုတင်ပြင်ဆင်မှုသင်ခန်းစာများကို မိမိရပ်ရွာနှင့် မိမိတို့ မိသားစုများအတွက် ကြိုးစားလေ့လာသင်ယူကြရန် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသား(၁)ဦးက လက်ခံရယူခဲ့ပြီး အဆိုပါ သင်တန်းတွင် ပြန်ကြားရေးဆိုင်ရာကဏ္ဍများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဝေါဟာရများ၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်တည်ဆောက်ခြင်းဆိုင်ရာများကို သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးအား သင်တန်းနည်းပြ (၉)ဦးဖြင့် စက်တင်ဘာလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
မြင့်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment