MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့၌၂၀၂၃-ခုနှစ်အောက်တိုဘာလ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက် ၈နာရီက ရန်အောင်မြင်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းဦးဆောင်၍ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဖြူ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်နှင့်ပူးပေါင်း ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် ရဲမေများက(၅၉)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင် စေတီတော်မြတ်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်နိုင်စေရန်အတွက် စေတီတော်ဝင်း အတွင်း/အပြင်ရှိ အမှိုက် သရိုက် များအား ကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်းပင်၊ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း ၊စေတီတော် ရင်ပြင်အားတံမြက်စည်းလှဲခြင်းစသည့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြပြီး ရန်အောင်မြင်စေတီတော်အားဘက်စုံပြုပြင်ထိမ်းသိမ်းနိုင်ရေးအတွက် ဂေါပက အဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment