ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ

 






MNP ၊  စက်တင်ဘာ  ၃၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို စက်တင်ဘာ (၂၉) ရက် နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လူမှုဝန်ထမ်းဦးစီးဌာနမှ လုပ်ငန်းကြီး (၇) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ ကလေးနှင့်လူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတို့ဖြစ်ပါကြောင်း၊ လုပ်ငန်းကြီး (၇) ရပ်အနက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် အရေးကြီးပါကြောင်း၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို နည်းစနစ်မှန်ကန်စွာနှင့် ဆောင်ရွက်ကြရန်၊ ရင်သွေးငယ်များကို အမိဝမ်းတွင်းမှာကတည်းက အာဟာရပြည့်ဝအောင် ပုံမှန်ဖွံ့ဖြိုးလာအောင် ကိုယ်ဝန်ဆောင်စဥ်ကတည်းက ဂရုစိုက်ပြုစုကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးထောက်ပံ့မှုများပေးခြင်းနှင့် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ဆောင်ရွက် ပေးနေ​သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးဇော်မင်းက မူလတန်းကြိုကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ပေးအပ်ရာ သင်တန်းသူများမှ အသီးသီးလက်ခံရယူ၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းသူများမှ ရိုးရာအကများဖြင့် ဖျော်ဖြေကြကြောင်း သိရှိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)