မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

မိုင်းကိုင်မြို့နယ်၌ ကျောင်းသားကျောင်းသူများထံသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး

16

17

18

19

20

21

22


MNP ၊  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ မိုင်းကိုင်မြို့နယ်အတွင်း အသက် ၁၀ နှစ်ပြည့်ပြီး ကျောင်းသား ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်း  အခမ်းအနားကို  ယမန်နေ့   နေ့လည်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲများနှင့် ရပ်ကွက်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ   မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးအောင်စိုးဦးက  အဖွင့်အမှာစကားပြောကြားပြီး  တက်ရောက်လာကြသော  တာဝန်ရှိသူများက  ကျောင်းသားကျောင်းသူ ၉၈ ဦးတို့အတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို  သက်ဆိုင်ရာ  ကျောင်းအုပ်ဆရာမကြီး ၊ ဆရာ/ဆရာမများ နှင့်  ကျောင်းသားကျောင်းသူများထံသို့  လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခင်မြင့်သန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိပြီးသည့် ကျောင်းသားကျောင်းသူများအား  လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးအရာရှိ  ဦးထွန်းလှကျော်နှင့်ဝန်ထမ်းများ က ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ၍ ဂဏန်း ၁၀လုံး QR Code ပါသည့် Unique ID ကတ်ပြားများ ကို တစ်ပါတည်း  ထုတ်ပေးခဲ့ကြောင်း သိရသည်။


ချော

https://t.me/MyanmarNationalPost


.com/img/a/




No comments:

Post a Comment

Donate and Support

Pages