ရွှေတောင်မြို့နယ် အထက ကြာနီကန်ကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ရွှေတောင်မြို့နယ် အထက ကြာနီကန်ကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

30

31

32

33


MNP ၊  စက်တင်ဘာ  ၁၈

ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကိုရည်ရွယ်၍ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စားသုံးသူ​ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အထက ကြာနီကန် ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ် ဝင်းမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူ၏ အဓိပ္ပာယ်၊အခွင့်အ‌ရေးများ၊ တာဝန်များ၊ စားသုံးသူနှင့်ပတ်သက်သောကုန်ညွှန်းအမှတ်အသား ( ၈)ချက်ကိုလည်း ကောင်း ဟောပြောဆွေးနွေးခဲ့သည်။ဆက်လက်၍ နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာဖတ်ခြင်း၊ လူကုန်ကူးမှုတားဆီးရေးအသိပညာ‌ ပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ 


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များဖတ်‌စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages