အာဆီယံကော်မတီ ဝါရှင်တန် နှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများ အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ သံရုံးယာယီတာဝန်ခံ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံကော်မတီ ဝါရှင်တန် နှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ရုံးမှ တာဝန်ရှိသူများ အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့ သံရုံးယာယီတာဝန်ခံ တက်ရောက်


MNP ၊ စက်တင်ဘာ ၄

အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington – ACW) ၏ လှုပ်ရှားမှု အဖြစ် ACW ကော်မတီအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသံရုံးမှ ဦးဆောင်၍ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဖွဲ့ရုံးမှ သမ္မတ၏ ဒုတိယလက်ထောက်နှင့် အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး (Deputy Assistant to the President and Coordinator for Indo-Pacific Affairs) Dr. Kurt Campbell ဦးဆောင်သည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမှုအဖြစ် ၃၁-၈-၂၀၂၃ ရက်နေ့က အင်ဒိုနီးရှားသံရုံး၌ အလုပ်သဘော နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည်ခံသည့် အစီအစဉ်ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးသက်ဝင်းသည် အာဆီယံသံအမတ်ကြီးများ၊ အခြားအာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အလုပ်သဘောနေ့လယ်စာ စားပွဲတွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးနှင့် အရှေ့အာရှထိပ်သီး အစည်းအဝေး တို့သို့ အမေရိကန်နိုင်ငံခေါင်းဆောင်ပိုင်းမှ ပါဝင်တက်ရောက်မည့် အခြေအနေနှင့်  အာဆီယံ-အမေရိကန် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး (CSP) တိုးမြှင့်ဆောင်ရွက်နိုင်မှု အလားအလာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမေရိကန်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိသည့် NUG အကြမ်းဖက်အဖွဲ့ဘက်မှ အဓိကရပ်တည်ပေးခဲ့ပြီး အာဆီယံဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီး လုပ်ဆောင်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)