MNP ၊ စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့်လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို လှည်းကူးမြို့နယ်၊ ကလီထော်အနောက်ကျေးရွာအုပ်စု၊ နှုတ်ခမ်းမွှေးသိုက်ကျေးရွာ အောင်ဇေယျာသိုက်တိုက် ကျောင်းဓမ္မာရုံတွင် ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူထွေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်အောင်သင်ကြားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကို ပူးပေါင်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအားစီးပွားဖြစ်လူသုံးကုန်ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို စက်တင်ဘာလ (၄) ရက်နေ့မှ စက်တင်ဘာလ (၈) ရက်နေ့အထိ စာတွေ့/လက်တွေ့ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ နှုတ်ခမ်းမွှေးသိုက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသနေပြည်သူ (၂၀) ဦးတို့ တက်ရောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment