ကနေဒါ တောမီးလောင်ကျွမ်းမှု ဧရိယာ စတုရန်းကီလိုမီတာ ၁၆၀,၀၀၀ ကျော် ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနေဒါ တောမီးလောင်ကျွမ်းမှု ဧရိယာ စတုရန်းကီလိုမီတာ ၁၆၀,၀၀၀ ကျော် ရှိ


အော့တဝါ၊ စက်တင်ဘာ ၄ 

ယခုနှစ်အတွင်း ကနေဒါနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုပေါင်း ၆,၁၀၀ ကျော် ဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ မီးလောင်ကျွမ်းမှု ဧရိယာ စတုရန်းကီလိုမီတာ ၁၆၄,၀၀၀ ဖြင့် စံချိန်တင်များပြားခဲ့ကြောင်း ကနေဒါနိုင်ငံ တောမီးငြှိမ်းသတ်မှု ညှိနှိုင်းရေးစင်တာ၏ ဩဂုတ် ၃ ရက်၌ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ကနေဒါနိုင်ငံတစ်ဝန်း တောမီးလောင်ကျွမ်းသည့်နေရာ ၁,၀၈၅ ခု ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၇၁၃ နေရာမှာ ထိန်းချုပ်နိုင်စွမ်းမရှိသည့်အနေအထားတွင် ဖြစ်နေကြောင်း အဆိုပါ စင်တာ၏ အချက်အလက်များအရ သိရသည်။ ၎င်းတို့အနက် ဗြိတိသျှ ကိုလံဘီယာပြည်နယ်၏ မီးဘေးအခြေအနေမှာ အဆိုးရွားဆုံး ဖြစ်ကြောင်း ၊ လက်ရှိတွင်လည်း တောမီးလောင်ကျွမ်းမှုကြောင့် ဗန်ကူးဗားစသည့် အနောက်ပိုင်းဒေသ နေရာအများအပြားတွင် မီးခိုးများ ပြည့်နှက်လျက်ရှိကြောင်း သိရသည်။

ကနေဒါနိုင်ငံသည် သမိုင်းတွင် အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းမှုကာလကို ဖြတ်သန်းလျက်ရှိရာ ပြီးခဲ့သည့်အပတ်တွင် ဗြိတိသျှ ကိုလံဘီယာပြည်နယ်နှင့် နိုင်ငံအနောက်မြောက်ပိုင်းဒေသများက အရေးပေါ်အခြေအနေ ရက်သတ္တပတ် ၂ ပတ် ထပ်တိုးရန် ကြေညာခဲ့သည်။ 


Ref - (Xinhua)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)