မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ


MNP ၊  စက်တင်ဘာ ၄

ပြည်သူများ စာပေဖတ်ရှု့လေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/သူများပူးပေါင်းကာ စာရေးဆရာ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန ခန်းမ‌နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာရေးဆရာ ခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်များ”စာအုပ်မှ “စကားပြောဖို့ခလုပ်နှိပ်ပါ၊ မျှော်လင့်ချက်၊ မွေးမေမေနှင့်ကျွေးမေမေ၊ ဘာကြောင့်မေ့တာလဲ၊ စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စသည့်ခေါင်းစဉ်ပါအ‌ကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများနှင့် ကျောင်းသား/သူများက ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။


မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံကို စာဖတ်သူပရိသတ်များ အခမဲ့ငှားရမ်းဖတ်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ကဏ္ဍ တင်ဆက် ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ အစီအစဉ်များကို လွှင့်တင်ပေးလျက်ရှိပြီး စာအုပ်/စာစောင်များကိုလည်း စာဖတ်သူလက်ဝယ်သို့ အိမ်တိုင်ရာရောက် Mobile ကွင်းဆင်း၍ ငှားရမ်း၊ ဖတ်ရှုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)