ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက် (၂)ဖြင့် ကျောင်းသား/သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ပန်းခင်းစီမံချက် (၂)ဖြင့် ကျောင်းသား/သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်


MNP ၊  စက်တင်ဘာ ၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်(၂)ဖြင့် ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းအချိန်က ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အ.လ.က(စည်ပင်)ကျောင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသာကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်ရေးအတွက် ပြည်သူအားလုံး၏ လက်ဝယ်ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်နိုင်ရေးအတွက် ကျောင်းသား/သူများကို ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂန့်ဂေါမြို့နယ်ဦးစီးမှူး ဦးမင်းစိန်ဦးက ပြောကြားသည်။


အဆိုပါပန်းခင်းစီမံချက်(၂)ဖြင့် အ.လ.က(စည်ပင်)ကျောင်းမှ Grade (2)မှ Grade (9)အထိ ကျောင်းသား(၉၈)ဦးနှင့် ကျောင်းသူ(၈၉)ဦး စုစုပေါင်း (၁၈၇)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ခင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရှိ စာသင်ကျောင်းများသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထင်အောင်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)