ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၅၅၀ ဖြင့် ဖြန့်ဖြူးရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၅၅၀ ဖြင့် ဖြန့်ဖြူးရောင်းချ






MNP ၊  စက်တင်ဘာ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ စက်တင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၅၅၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်အတွက် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ပြီး စားသုံးဆီများကို ချိုသာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 


ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့မှ တာဝန်ရှိသူများနှင့် အတူ ပွင့်ဖြူမြို့ပတ်လမ်းပေါ်ရှိ မကျီးစင်ကုန်စုံဆိုင်နှင့် ကံ့ကော် လမ်းပေါ်ရှိ ဒေါ်ရင်ရွှေကုန်စုံဆိုင်တို့တွင် ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ စားသုံးဆီ(စားအုန်းဆီ)တစ်ပိဿာ ငွေကျပ် ၄၅၅၀ ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် စားသုံးဆီ ၅၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ရာ စုစုပေါင်းစားသုံးဆီ ပိဿာချိန် ၆၆၀ အား စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေးသဖြင့် ဒေသခံပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်၌ ဒေသတွင်းရှိ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် အပြင် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်ကိုလည်း မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြီးကြပ်၍ အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး အသိပညာပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)