MNP ၊ စက်တင်ဘာ ၄
မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဖြစ်သည့် အဆို အက အရေး အတီး (၂၄) ကြိမ်မြောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အဆို အက အရေး အတီး ပြိုင်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးသိန်းက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု မကွယ်ပျောက်စေရေး အရှည်တည်တံ့ခိုင်မြဲစေရေး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရေးနှင့် မြန်မာမှုမြန်မာ့ဟန် အဆို အက အရေး အတီး ပညာရှင်များပေါ်ထွန်းလာစေရေးအတွက် ပြိုင်ပွဲများ ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအမှတ်ပေးဒိုင် ဆရာမကြီး ဒေါ်ခင်လှမှ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းနှင့် အမှတ်ပေးစနစ်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် (၂၄)ကြိမ်မြောက် အဆို အက အရေး အတီး ပြိုင်ပွဲအားကြာအင်းဆိပ်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ /အဖွဲ့ဝင်နှင့် ခရိုင်ပညာရေးမှူးတို့က ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment