နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်

038

039

040

041

042


MNP ၊ စက်တင်ဘာ ၁၉

၂၀၂၂-၂၀၂၃ခုနှစ် ကယားပြည်နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်လှမိုးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အပေါ် ဆောင်ရွက်နေမှု အခြေအနေများ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မှီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ် စိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ယင်းနောက်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေနှင့် ဆုရွေးချယ်ခဲ့မှုများအား ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးပန်းတိုင် အထွက်နှုန်း ကျော်လွန်သည်အထိ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူများအား ပထမ ၊ ဒုတိယ ၊ တတိယဆု ရရှိသူများ၊ အထူးဆုရရှိသူများကို လယ်ယာသုံးစက်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ၊ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ဂုဏ်ပြုဆုရရှိသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက် လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။


မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း   လွိုင်ကော်ကက်သလစ် သာသနာဆရာတော်များနှင့် တွေ့ဆုံခြင်းအခမ်းအနားကို  လွိုင်ကော်မြို့၊ ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း   ၊ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများ၊ လွိုင်ကော်ကက်သလစ်သာသနာ ဆရာတော်များနှင့် သီလရှင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လွိုင်ကော်ကက်သလစ်သာသနာ ဂိုဏ်းအုပ်ဆရာတော်ကြီး ချဲလ်ဆိုဘရွှေက နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် တာဝန်ယူဆောင်ရွက်လျက်ရှိရာ ပြည်သူ များအားလုံးအတူတကွပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် ကိုးကွယ်သည့်ဘာသာများ မတူညီသော်လည်း ဘာသာရေး ယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြားဘာသာဝင်များက အပြန်အလှန် လေးစားကာ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်လျက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုရှိအောင် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့်    ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က လွိုင်ကော်ကက် သလစ်သာသနာအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ် အတွင်းရှိကျောင်းထိုင်ဘုန်းတော်ကြီး များနှင့် သီလရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် စကား ပြောကြားခဲ့ကြကြောင်းသိရသည်။

       

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages