ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်

011

012

013

MNP ၊ စက်တင်ဘာ ၇

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် ဗန်းမော်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက် နံနက် ၉ နာရီက နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာနေသွယ်ကြည် က လူငယ်သီတင်းပတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် တိုက်ကွမ်ဒိုအားကစားသမားများ၊ Physical fitness dance အားကစားသမားများ၊ ဘောက်ဆင်အားကစားသမားများက အားကစားသရုပ်ပြတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ လူငယ်စကားဝိုင်း စတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် သင်္ချာဌာနမှ နည်းပြ ဒေါ်ဆွေသီရိကျော် က ဆောင်ရွက်ခဲ့ပြီး မြန်မာစာအထူးပြုမဟာဝိဇ္ဇာကျောင်းသူ မနှင်းဖြူသွယ်မွန်၊ သင်္ချာ်အထူးပြုပထမနှစ်ကျောင်းသား မောင်စိုင်းစိုင်းဦး၊ အင်္ဂလိပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မမေသွေးခင် တို့က စကားဝိုင်းစတင်ဆွေးနွေးခဲ့ကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုး တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယပါမောက္ခချုပ် ဆရာကြီးဒေါက်တာဝင်းနိုင်နှင့် ဒုတိယပါမောက္ခချုပ် ဆရာကြီးဒေါက်တာသောင်းထိုက် တို့က အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကူညီပံ့ပိုးပေးကြသူများအား ဂုဏ်ပြုလက်ဆောင်နှင့်မှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages