နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီများ လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ ဗန်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီများ လှူဒါန်း

004

005


MNP ၊ စက်တင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဗန်းမော်မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များထံ ဆန်၊ ဆီနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ သီရိမင်္ဂလာကန်ဦးစာသင်တိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ကန်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသဝအမှူးပြုသော ဆရာတော်/ သံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီး၊ ဗန်းမော်တပ်နယ်မှူးတို့က ဆရာတော်/သံဃာတော်များထံ ဆန် ၁၅ အိတ်၊ ဆီ ငါးပုံး နှင့် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် ဗန်းဗော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်ဗန်းမော်မြို့နယ်အတွင်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးရရှိရေး၊ ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်၊ သိက္ခာ တော်ရဆရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းနှင့် ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးနှင့် အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ သိက္ခာတော်ရဆရာများနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေး၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ဆောင်နိုင်ရေး ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာကြသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကတ်သလစ်အသင်းတော်၊ တရုတ်နှစ်ခြင်းအသင်းတော်၊ ကရင်နှစ်ခြင်းအသင်းတော်၊ ယေဟောဝါနှစ်ခြင်း အသင်းတော်၊ နှစ်ခြင်း (မူရင်း)အသင်းတော်၊ ဖဲန်တာမန်တာအသင်းတော်၊ ဧဝံဂေလိအသင်းတော်၊ လီဆူနှစ်ခြင်းအသင်းတော်နှင့် ချင်းနှစ်ခြင်းအသင်းတော်တို့အတွက် ဆန်အိတ် ၃၀၊ ဆီ ၁၀ ပုံးနှင့်အလှူငွေများ ပေးအပ် လှူဒါန်းသည်။


ထို့ပြင် ယမန်နေ့ညနေပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါအစည်းအဝေးခန်းမ၌ ဗန်းမော်ခရိုင် မနောကွင်း၊ မုခ်ဦး၊ မနောတိုင်၊ မနောရင်ပြင်သစ်ဖွင့်ပွဲနှင့် (အင်လုံအင်နန်ရှား) ကောက်သစ်စား ရိုးရာဆွတ်မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဝင်များနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားသည်။


ထို့နောက် ဗန်းမော်ကချင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဖော်လူလဝမ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်နှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့က မနောကွင်းတည်ဆောက်ရေး ကူညီဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် ဖွင့်ပွဲကျင်းပမည့် ကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည့်အခြေအနေကို ဖြည့်စွက်ရှင်းလင်း ပြောကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages