MNP ၊ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅) ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅)ကွင်းရှိ တောင်သူများသည် မိုးရေကို အဓိက အားထားကာတောင်သူလုပ်ငန်း လုပ်ကိုင်သူများဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် မိုးရေများဝင်ရောက်လာခြင်းကြောင့် စပါးများစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါးအပြင် အခြားသော သီးနှံများဖြစ်သည့် ဝါ၊ နှမ်း၊ ငရုတ်ကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅နှင့် ၁၄၁၉)ကွင်းတွင် မိုးစပါးစိုက်ပျိုးဧက (၁၅၀)ကျော်ရှိပြီး စပါးစိုက်တောင် သူများအနေဖြင့် မနော်သုခ အထွက်တိုးမျိူးများကို အဓိက ထားစိုက်ပျိုးလျက်ရှိကြောင်း တောင်သူဦးထွန်းအေးမှ ပြောပြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment