ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



MNP ၊ စက်တင်ဘာ ၃၀

အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသူလေးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် စာရင်းအရ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းလျှင် ၁၃ ဒသမ ၃ ဦးရှိပြီး သေဆုံးမှုနှုန်းမှာ ၆ ဒသမ ၉ ဦးရှိ၍ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများက ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာအဖြစ်များဆုံး အသက်အုပ်စုမှာ အသက် (၁၅) နှစ်မှ (၄၄)နှစ်ဖြစ်ပြီး အမျိုးသမီးဦးရေ တစ်သိန်းတွင် ၂၅ ဒသမ ၃ ဦး ဖြစ်ပွားသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှစ၍ အသက်(၉)နှစ်နှင့် (၁၀)နှစ်ပြီးပြည့်သော မိန်းကလေးများအား ကာကွယ်ဆေးထိုးနှံခဲ့ပြီး ကိုဗစ်−၁၉ ကပ်ရောဂါအခြေနေကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၃)နှစ် ဆက်တိုက်ထိုးနှံနိုင်ခြင်းမရှိကြောင်း၊ သို့ဖြစ်၍ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျောင်းအခြေပြုအစီစဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာလ တွင် ပြည်သူလူထုအခြေပြုအစီစဉ်ဖြင့်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ ထိုးနှံရခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော တာဝန်ရှိသူအားလုံး ကျေးဇူးတင်ရှိပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးမြို့ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ဝင်းက သားအိမ်ခေါင်းကင်ဆာ ရောဂါနှင့် HPV ရောဂါ ကာကွယ်ဆေးအကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက HPV ကာကွယ်ရေးဆေးထိုးနှံရာတွင် စာရင်းကောက်ယူခြင်းနှင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင် ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ်က လှည့်လည် ကြည့်ရှုအားပေးပြီး ကျောင်းသူလေးများကို လက်ဆောင်ပစ္စည်းများပေးအပ်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်း သူကလေးငယ်များအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)