ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှုဖြစ်ပွား


MNP ၊  စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် လွန်ဆေးမြိုင်ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင် ယမန်နေ့နံနက်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


 ကမ်းပြိုမှုဖြစ်ပွားနေသော နေရာသည် လွန်ဆေးမြိုင်ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာနှင့် ၁၀ ပေခန့်အကွာတွင် အလျား ပေ ၃၀ ၊ အနံ ၅ ပေခန့် ယနေ့နံနက်ကမ်းပြိုမှုဖြစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကမ်းပြိုမှုဖြစ်ပွား သောနေရာအနီးတွင် ပြည်ခိုင်ဖြိုးပါတီရုံး၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာ အဆောက်အဦးများရှိသည်။


အဆိုပါ ကမ်းပြိုမှုဖြစ်ပွားသည့်အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှု၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းဗိုလ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)