မင်းဘူးခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက် ထားရှိမှုများကို စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တွေ့ဆုံညှိနှိုင်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းဘူးခရိုင်အတွင်း မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်းများ ဖွင့်လှစ်ဆောင်ရွက် ထားရှိမှုများကို စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တွေ့ဆုံညှိနှိုင်း

014

015

016


MNP ၊ စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အတွင်းရှိ မြို့နယ်(၅)ခုမှ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်များ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများကို စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ မကွေးတိုင်းဒေသကြီးရွေးကော်မရှင်အဖွဲ့ခွဲရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးထွဋ်ဦး၊ ခရိုင်နှင့် မြို့နယ်(၅)မြို့နယ်မှ အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးများ၊ ရွေးကောက်ပွဲကော်မရှင်အရာရှိများနှင့် မှတ်ပုံတင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက နိုင်ငံတော်အစိုးအရ၏ ရှေးလုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများအား အချိုးကျစနစ်ဖြင့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅၊ ပုဒ်မ ၁၁၊ နည်းဥပဒေ ၁၃ တို့နှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နည်းဥပဒေပုဒ်မ ၂၃ အရ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မကွေးတိုင်းဒေသကြီး ရွေးကော်မရှင်အဖွဲ့ခွဲအရာရှိ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးထွဋ်ဦး၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင် အရာရှိနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အား၊ ပါတီရုံးခန်များ ဖွင့်လှစ်ဆောင်ရွက်သွားရမည့် အခြေအနေများနှင့် ပါတီဝင်အင်အား စိစစ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ မှတ်ပုံတင် ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း (၉၀) အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀၀၀) ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀) ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က)အရ မိမိတို့ပါတီစည်းရုံး ရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ (ဇ) နှစ်စုံဖြင့် ပြုစုတင်ပြရေး၊ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိမရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ တို့ကို သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာပါတီအသီးသီးမှ ခရိုင်/မြို့နယ် တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages