MNP ၊ စက်တင်ဘာ ၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက အားကစားလှုပ်ရှားခြင်းဖြင့် နိုင်ငံတော်၏ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ကင်းဝေးစေပြီး အားကစားလှုပ်ရှားမှုဖြင့် ပြည်သူတစ်ရပ်လုံးအားကစား၏ အကျိုးကျေးဇူးကို သိမြင်နားလည်ခံစားတက်စေရန်၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်/နည်းပြများနှင့် အားကစားအသင်းများ၊ အားကစားဝါသနာရှင် ပရိသတ်များအားလုံး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာကျင့်သုံးပြီး ပြိုင်ပွဲပြီးမြောက်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကားပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းဝင် (၁၄) သင်းတို့မှ အုပ်စု (၄) စုဖြင့် ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ပထမပွဲစဥ်အဖြစ် တောင်ပကျေးရွာဘောလုံးအသင်းနှင့် ကွမ်လှာကျေးရွာဘောလုံးအသင်းတို့မှ စတင်ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သားငယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment