နေပြည်တော်ကောင်စီရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်း၍လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နေပြည်တော်ကောင်စီရုံးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်း၍လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

003

MNP ၊ စက်တင်ဘာ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာအီလက်ထရော နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် အရာထမ်း၊ အမှုထမ်းများမဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။

Myanmar Electronic Voting Machine (MEVM) စက်ကို ပြည်တွင်း နည်းပညာရှင်များက မြန်မာနိုင်ငံ အခြေအနေနှင့်လျော်ညီစွာ တည်ဆောက်ထားခြင်းဖြစ်ရာ အသုံးပြုသူမဲဆန္ဒရှင်များအနေဖြင့် လွယ်ကူရိုးရှင်းစွာ မဲပေးဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၌ မဲဆန္ဒရှင်အသိပညာပေးအနေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများတွင်လည်း စမ်းသပ်မဲပေးခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခက်အခဲမရှိ လွယ်ကူလျင်မြန်စွာ မဲပေးဆောင်ရွက်နိုင်ခဲ့ကြပြီး စက်နှင့်စပ်လျဉ်း၍ ချွတ်ယွင်းချက်တစ်စုံတစ်ရာမျှ ပေါ်ပေါက်ခဲ့ခြင်းမျိုးမရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages