သဲကုန်းမြို့နယ်တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဟော​​​ပြောပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်တွင် ဌာဆိုင်ရာများက စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဟော​​​ပြောပွဲ ဆောင်ရွက်




MNP ၊  စက်တင်ဘာ ၅

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဌာနဆိုင်ရာများပါဝင်သည့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်းကြီး (၅) ကြောင်းပူးပေါင်းအဖွဲ့သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်​နေ့က ​ဆောက်​ခြုံ​ကြီးအုပ်စု ပေါက်​မှော်ဓမ္မာရုံတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။


သဲကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဦးဆောင်သည့် ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာ စစ်ကြောင်းကြီး (၅) ကြောင်း ပူးပေါင်းအဖွဲ့သည် ​ပေါက်​မှော်ကျေးရွာဓမ္မာရုံ၌ ​ဆောက်​ခြုံ​ကြီး​ကျေးရွာအုပ်စုရှိ ကျားစုကုန်း၊ ​ပေါက်​မှော်စသည့် ကျေးရွာများမှ ​ဒေသခံ​တောင်သူများနှင့် တွေ့ဆုံပြီး သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆင်မြီးဆွဲမြို့ ဦး​ဝေ​​ဖြိုးကျော်က မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေးရွာများ၏ လိုအပ်ချက်များအား ဆွေးနွေးကြရန်ရှင်းလင်း​​ပြောကြားသည်။ ဆက်လက်ပြီး ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် သက်ဆိုင်ရာဌာနများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေး ပြောကြားကြရာ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများကကျေးရွာ၏ လိုအပ်ချက်များကို ပြန်လည်တင်ပြကြပြီး ဒေသခံတောင်သူ (၇၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


ကိုကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)