ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်






MNP ၊  စက်တင်ဘာ ၄

ပဲခူးတိုင်းဒသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကလေးသူငယ်များပညာသင်ခွင့်ရရှိရေး၊ ဗဟုသုတပြည့်ဝစေရေး၊ ကလေးသူငယ်ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများကို ကလေးသူငယ်တိုင်းအပြည့်အဝရရှိရေး၊ ကလေးသူယ်များရဲ့ အနာဂတ်ဘဝပြည့်စုံစေရေး၊ နောင်တချိန်တွင် တိုင်းပြည်အတွက်အားထားရသည့် ကလေးများဖြစ်စေရေးတို့အတွက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူအားလုံးက ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက ကလေးသူငယ်အခွင့်အရေး (၄) ရပ်၊ CRC ဖွဲ့စည်းဆောင်ရွက၊ ကလေးသူငယ်အခွင့်အရေးများ (အသက်နှင့်စပ်လျဥ်းသည့် ပြဌာန်းချက်များ)၊ ကလေးသူငယ်ကိုမွေးစားခြင်း၊ အခြားနည်းဖြင့် ပြုစုစောင့်ရှောက်ခြင်း၊ စရိတ်ထောက်ပံ့ခြင်း၊ မသန်စွမ်းကလေးသူငယ်များရရှိနိုင်သော အခွင့်အရေးများ၊ ဘာသာအမျိုးမျိုးအလိုက် ပြဌာန်းထားသည့်ဥပဒေများ စသည်တို့အားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းကျော်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။


ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးပြီး တက်ရောက်လာကြသည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်/​ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များ၊ မရှင်းလင်းသည်များကိုမေးမြန်းရာ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)