ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံး၌ နယ်မြေခံတပ်မတော်သားနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံး၌ နယ်မြေခံတပ်မတော်သားနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

81

82

83

84

85


MNP ၊  စက်တင်ဘာ  ၉

          ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပရေး အတွက် နယ်မြေခံတပ်မတော်သားများနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံးဝင်းအတွင်း၌ စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။



ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များဦးဆောင်မှုဖြင့် နယ်မြေခံမြန်မာ့တပ်မတော်သားများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံးဝင်းအတွင်းရှိ ချုံနွယ်၊ ပေါင်းပင် မြက်ပင်များအား ခုတ်ထွင်းရှင်းလင်းခြင်း နှင့်အမှိုက်များကောက်သိမ်းခြင်းလုပ်ငန်းတို့ကို စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages