MNP ၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ပြည်သူများအား စာသုံးဆီများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်းက အမှတ် (၁၂၂) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများရောင်းချရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် စနစ်တကျဝယ်ယူနိုင်စေရန်ရည်ရွယ်၍ အိမ်ထောင်စုတစ်စုလျှင် ဆီတစ်ပိဿာ (၄၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိ ပြီးနောက်ဆက်လက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများကို ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရသည်။
ဇွဲမင်းထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment