ဂျပန်တွေရဲ့ ဘောလုံးနည်းပြကြီး ရခိုင်လူမျိုး ဦးကျော်ဒင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်တွေရဲ့ ဘောလုံးနည်းပြကြီး ရခိုင်လူမျိုး ဦးကျော်ဒင်





ဂျပန်လူမျိုးတွေ က ကျေးဇူးရှိသူကို မမေ့ကြဘူး။ ဂျပန်တွေကို ဘောလုံးပညာသင်ကြားပေးခဲ့တဲ့ မြန်မာနိုင်ငံသား၊ ရခိုင်လူမျိုး ဦးကျော်ဒင် ရဲ့ ကျေးဇူးတရားကို မမေ့ကြောင်း ဖော်ပြခဲ့ကြဖူးပါတယ်။ 

ဂျပန်တွေကို ဘောလုံးပညာနဲ့ ပတ်သက်လို့ စနစ်တကျ ကစားတတ်အောင် သင်ပေးခဲ့သူဟာ မြန်မာနိုင်ငံသား ရခိုင်လူမျိုး ဦးကျော်ဒင် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ စက်မှုပညာသွားရောက် သင်ယူခဲ့တဲ့ ဦးကျော်ဒင် ဟာ ဂျပန်တွေ ဘောလုံးကစားတာကို ကြည့်ပြီး စနစ်တကျ မကစားတတ်သေးတာတွေ့ခဲ့ရပါတယ်။ 

ဦးကျော်ဒင်က ဒီလိုကစားနေကြတာကို ကြည့်ပြီး ဘောလုံးဆိုတာ ဒီလိုမကစား ရဘူး။ လူခွဲပြီး သူ့နေရာနဲ့သူ 

အကွက်ဖော်ပြီး ကစားရတာ ဆိုပြီး ကစားပြပါတယ်။ ဒီလိုနဲ့ ဦးကျော်ဒင်ဟာ ဂျပန်တွေရဲ့ ဘောလုံးနည်းပြဖြစ်လာခဲ့တယ်။    

ဂျပန်တွေရဲ့တောင်းဆိုချက်အရ စနစ်တကျ ဘောလုံးကစားနည်းကို အများပြည်သူပါ လေ့လာလို့ရအောင် ဆိုပြီးတော့ စာအုပ်ရေးပြီး ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကတော့ "How To Play Association Foot ball"ဆိုတဲ့ စာအုပ်ပါပဲ။ 

ဒီစာအုပ်နဲ့အတူ ဦးကျော်ဒင်ရဲ့ ရုပ်တုကို တိုကျိုမြို့ ဦးချန်နောမိစုအရပ်မှာ ရှိတဲ့  ဘောလုံးသမိုင်းပြတိုက်မှာ ပြသထားပါတယ်။ ဦးကျော်ဒင်ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားတွေကိုလည်း စနစ်တကျဘောလုံးကစားတတ်လာအောင် လှည့်လည်ပြီး နည်းပြလုပ်ပေးခဲ့ပါတယ်။

ဦးကျော်ဒင်ရဲ့ ကျေးဇူးကြောင့် ဂျပန်တွေဟာ ၁၉၃၀ ခုနှစ် အာရှဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲသွားခဲ့ပါတယ်။


ဦးကျော်ဒင် သည် ဆရာတော်ဦးဥတ္တမ ရဲ့ ကျေးဇူးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိပြီး ၁၉၂၀ ခုနှစ်မှာ တိုကျိုမြို့ စက်မှုအထက်တန်းကျောင်းမှာ ပညာတော်သင်အဖြစ် တက်ရောက်ခဲ့ရင်းက ဂျပန်တွေကို စနစ်တကျ ဘောလုံးကစားတတ်အောင် သင်ကြားပြသခဲ့ခြင်းဖြစ်ပါတယ်။ 

စက်မှုအထက်တန်းကျောင်းမှာ တက်ရောက်ရင်း အထက်တန်းကျောင်းတွေမှာ ကျောင်းသားများ ဘောလုံးကို စနစ်တကျ ကစားတတ်လာဖို့ နည်းပြအဖြစ် လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ 

တချို့တလေရဲ့   ပြောပြချက်အရဆိုရင်တော့ ဂျိုးဖြူကန်မှာ ရေတံခါးဗိုလ်လုပ်ပြီး ၁၉၈၈ အရေးအ ခင်းပြီးကာစမှာမှ ပြည်မြို့မှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားတယ်လို့ ပြောကြပါတယ်။  

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတွင် ကျင်းပသော ၂၀၂၂ ဖီဖာ၏ ကမ္ဘာ့ဖလား အာရှ ဒုတိယအဆင့်ခြေစစ်ပွဲ၊ မြန်မာနှင့် ဂျပန်အသင်းတို့ ကစားကြသောပွဲတွင် ဂျပန်လူမျိုး ဘောလုံးဝါသနာရှင်များက 

"ဂျပန်ဘောလုံး အားကစားကို ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ပေးစွမ်းခဲ့တဲ့ ဦးကျော်ဒင်နဲ့ သူ့ရဲ့မိခင်မြန်မာနိုင်ငံအား ကျေးဇူးတင်လျှက်ပါ"ဟု ဗီနိုင်းချပ်ကြီးဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။

ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံသား ဦးကျော်ဒင် ဘောလုံးပညာသင်ကြားပေးခဲ့တဲ့ ဂျပန်ဘောလုံအသင်းဟာ ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်း ဖြစ်နေပါပြီ။ ယနေ့ မြန်မာ - ဂျပန် (၁၉)ကြိမ်မြောက် အားကစားပြိုင်ပွဲကြီးမှာ ယှဉ်ပြိုင်ကြရအုံးမှာပါလား။


Photo Crd -

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)