MNP ၊ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်နိုင်ထွန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ကုန်စုံဆိုင်များတွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စားဆီများအား ပုံမှန်အတိုင်း (၅)ကျပ်သား၊(၁၀)ကျပ်သားမှ စ၍ လက်လီရာင်းချနိုင်ရေးကိုလည်းမှာကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင့်ဦးဆောင်သည့်အဖွဲ့က ဒါးက ကျေးရွာအတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များတွင် တပ်မတော်ထုတ်ကုန်များ ရောင်းချမှုရှိ/မရှိအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment