ချောက်မြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်​ရေးနှင့်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်အုပ်ချုပ်​ရေးမှူးမှကွင်းဆင်းကြည့်ရှုစစ်​ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ချောက်မြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်​ရေးနှင့်​ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်အုပ်ချုပ်​ရေးမှူးမှကွင်းဆင်းကြည့်ရှုစစ်​ဆေး

146

147

148

149


MNP ၊  စက်တင်ဘာ  ၁၆

မ​ကွေးတိုင်း​ဒေသကြီး​၊ ချောက်ခရိုင်၊​ချောက်မြို့နယ်တွင် စိုက်ပျိုးစွမ်းအားမြှင့်တင်​ရေးနှင့်​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခြင်းကို ယ​မန်​နေ့နံနက် ၉ နာရီ အချိန်က ​ခရိုင်အုပ်ချုပ်​ရေးမှူး ဦး​ဌေး​ကျော်ကြီးကြပ်သည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ချောက်မြို့နယ်၊ စ​လေမြို့အတွင်းကွင်း ဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။


ထိုသို့ကြည့်ရှုစစ်​ဆေး​ဆောင်ရွက်ရာတွင် ​၂၀၂၃-၂၀၂၄ဘဏ္ဍာ​ရေးနှစ်ကြီးနီ၊ မိုလာ၊ စ​လေ(စ​လေလမ်း)ရှိ ၁၈ ​ပေအကျယ်မှ ၂၄​ ပေအကျယ်ချဲ့၍ ကတ္တရာထပ် ပိုးလွှာ၂မိုင်ခင်းခြင်းနှင့် လမ်းပိုင်းအနိမ့်အမြင့်​ဖြေညှိ၍ ကတ္တရာ​ရေပိတ်လွှာ​လောင်းခြင်းလုပ်ငန်း ၄ မိုင်၊၅ပေ×၂၄​ပေအကျယ် BoxCulvert တံတားတစ်စင်းအား ၅ပေ× ၄၀​ပေအကျယ်ချဲ့တည်​​ဆောက်ခြင်း၊ ၅ပေ×၄၀ ​ပေ အကျယ် Box Culvert တံတားအသစ် ၂ စင်းတည်​ဆောက်ခြင်းလုပ်ငန်းများနှင့် ပခန်းငယ်အုပ်စု၊ စ​လေ၊ ပခန်းငယ်၊ ​ကျောက်ရဲ၊ အိုးဖိုလမ်းရှိ မယ်​စော​ချောင်းကွန်ကရစ်​ရေ​ကျော် ၈၀​ပေ ပျက်စီး​​နေမှုအားကြည့်ရှု့စစ်ဆေးပြီးရသစ် အုပ်စု၊ပုဂံစု​ကျေးရွာ ကွင်းအမှတ် (၂၂၇၂)​ဒေါ်​ပေါ​အေး၏ လယ်​မြေ၃ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ​ရေးအတွက်​ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ယူရီးယား​မြေသြဇာပက်ဖြန်းခြင်း၊ရသစ်​ကျေး ရွာအုပ်စု၊ ရသစ်​ကျေးရွာတွင်အလှူရှင်ဖြင့် တူး​ဖော်သည့်ရေဂါလံ (၀.၉၃)သန်းဆံ​သည့် မြစ်​ရေတင်​ရေကန်တူး​ဖော်​ဆောင်ရွက်​နေမှုအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌမှ​လိုအပ်သည် များအား သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်းသိရ သည်။


 ​ကျော်မိုး

https://t.me/MyanmarNationalPost

.com/img/a/


No comments:

Post a Comment

Donate and Support

Pages