MNP ၊ စက်တင်ဘာ ၆
ရခိုင်ပြည်၊ ရသေ့တောင်မြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်ချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊နံနက်၉နာရီအချိန်က မြို့နယ်အဆင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိဈေးဆိုင်များနှင့်မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ရသေ့တောင်မြို့နယ်စားသုံးသူရေးဦးစီးဌာနမှစာရေးကြီးဦးတင်ထွန်းရွှေ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှမြို့နယဦးစီးမှူးဒေါ်မအေးသန်းတို့က မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် ပစ္စည်းများအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ ဆန်ဆိုင်များနှင့် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ဆန်ဆိုင်များ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ သွားရောက် ၍ ဈေးနှုန်းတင်ရောင်းချခြင်းများ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး၊ ပုံမှန်ဈေးနှုန်းများထက်ပို၍ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် သတိပေးနိုးဆော်ခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment