MNP ၊ စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံ စိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်ငုံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကြောင်း တောင်ဖက်တန်းကျေးရွာ ဦးအေးကိုထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ပဲစင်းငုံစိုက် တောင်သူများသည် ပဲစင်ငုံစိုက်ပျိုးခြင်းအား ကဆုန်လ၊ နယုန်လတို့တွင် မိုးဦးမိုးရွာသွန်းချိန် နှမ်းများ ကြဲပက်စိုက်ပျိုးချိန်နှင့် အတူ ပဲစင်ငုံအား ရောကာကြဲပက်စိုက်ပျိုးထားခဲ့ကြောင်း သိရသည်။ နှမ်းများ နှုတ်သိမ်းချိန် ဖြစ်သည့် ဝါဆိုလပြည့်ကျော်၊ ဝါခေါင်လဆန်း နှမ်းနှုတ်သိမ်းပြီးချိန် မိုးရွာသွန်းပါက နှမ်းနှင့်အတူ ကြဲပက်စိုက်ပျိုးခဲ့သည့် ပဲစင်းငုံများ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်းငုံအပင်များ ကောင်းလာပြီး အပင်တက်အားကောင်းလာ ကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်က ရှင်းပြသည်။
ပဲစင်းငုံအပင် သက်တမ်းသည် ရှစ်လ၊ခုနှစ်လကျော် ကြာမြင့်ပြီး အဖူး၊ အပွင့် ပွင့်ချိန်သည် တော်သလင်းလ၊ သတင်းကျွတ်လတွင် ပွင့်ကြောင်း အပွင့်ပွင့်ချိန် မိုးသည်းရိုက် မိုးရွာသွန်းမှုများပါက အသီးသီးနှုန်း လျော့နည်းသွားနိုင်ကြောင်း အပွင့်ပွင့်ချိန် မိုးမရွာပါက ပဲစင်ငုံရဖို့ သေချာကြောင်း သိရသည်။ ပဲစင်းငုံ ခုတ်သိမ်းချိန်သည် ပြာသိုလ၊ တပို့တွဲလတို့တွင် ခုတ်သိမ်းလေ့ရှိပြီး ခုတ်ထားသည့် ပဲစင်ငုံကိုင်းများ လက်တစ်နိုင်စာကိုင်ပြီး ပဲစင်ငုံ ခါစင်(ပီပါ၊ အမာခုံ)ခံကာ ရိုက်ချပြီး အစေ့သပ်သပ်၊ ပဲရိုင်း၊ ပဲမှော်သပ်သပ် ခွဲခြားကာ ပဲစင်းငုံ သိမ်းခြင်းပြီးကြောင်း သိရသည်။
ပဲစင်းငုံပေါ်ချိန် ဈေးကောင်းရရန် တောင်သူများ မျှော်လင့်နေကြကာ မနှစ်က ပဲစင်းငုံ ပေါ်ခါစ တစ်တင်းလျှင် ၁၈၀၀၀ ကျပ် ရောင်းချခဲ့ရကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment